Terms and Conditions

(By placing any order of Chicken Rice, you are bound to agree the following terms and conditions.)

ကြက်ဆီထမင်းအော်ဒါတင်ပြီးသည့်အချိန်တွင် ဝယ်ယူသူဘက်မှ အောက်ပါ အချက်အလက်များအား သဘောတူလက်ခံပြီးဖြစ်ပါသည်။

 

၁။ ပွဲ၆၀ အောက်ကို ပါဆယ်ဗူးနဲ့လာပို့ပေးပါတယ်။ အလာ Taxi တစ်ကြောင်းစာ ကျသင့်ပါမည်။
၂။ ပွဲ၆၀ အောက်ကို ပွဲပြင်ဝန်ဆောင်မှု ယူလိုပါက ဝန်ဆောင်ခ၁သောင်းကျပ် နှင့် ကားခ အသွားအပြန် ကျသင့်ပါမည်။
၃။ ပွဲ၆၀နှင့်အထက် ကို ပန်းကန်အစုံအလင်နဲ့ အခမဲ့ပွဲပြင်ပေးပါတယ်။ ကားခ အသွားအပြန် ကျသင့်ပါမည်။
ခန့်မှန်းခြေ ပွဲ၃၀၀ ကျော်ရင် taxi ၂စီး ခွဲလာရမှာမို့ ၂စီးစာ ပေးရပါမယ်။ သို့မဟုတ် light truck/hi jet ငှါးခ ပေးရပါမယ်။
၄။ လိုချင်တဲ့ ပန်းကန်အချပ်ရေကို အော်ဒါ မှာယူတဲ့အချိန်မှာ ညှိနှိုင်း နိုင်ပါတယ်။ ပွဲ အရေအတွက်ပေါ် မူတည်ပြီး ၅၀၊ ၁၀၀၊ ၁၅၀ supply လုပ်ပေးပါတယ်။
၅။ ပွဲရေပေါ်မူတည်ပြီး ထမင်းပွဲပြင်ပေးဖို့ လုံလောက်တဲ့ ဝန်ထမ်းအရေအတွက်ပဲ ပါပါမယ်။ dish washer နဲ့ waiter များ မပါ ပါ။ ထပ်တိုး service staff ခေါ်ယူလိုပါက တစ်ဦးကို ၁၀၀၀၀ ကျပ် ကျသင့်ပါမည်။
၆။ ပါဆယ်ဗူးနဲ့အော်ဒါများအတွက် ဟင်းချို က ပုံမှန်ဆို ၂ပွဲ ကို တစ်ဗူးပေါင်းထည့်ပေးပါတယ်။ တစ်ပွဲ ၁ဗူး ယူမယ်ဆိုပါက တစ်ပွဲဈေးထက် ၁၀၀ ကျပ် ပိုများပါမယ်။
၇။ Thai Box ကြက်ဆီထမင်းဟာ စားနေကျ ကြက်ဆီထမင်း တွေနဲ့ အရသာမတူကြောင်း၊ ကြက်ကင်နဲ့ မဟုတ်ပဲ steamed chicken နဲ့ ဖြစ်ကြောင်း ဝယ်ယူသူဘက်မှ သိရှိပြီး ဖြစ်ပါတယ်။
၈။ ထိုင်းဘက်၊ စင်ကာပူဘက်မှ ပြန်လာသူတွေ အတော်များများအတွက်တော့ စားဖူးနေကျဖြစ်ပေမယ့် ဒီက အတော်များများက steamed chicken and soy bean sauce နဲ့ မစားဖူးကြလို့ အရင်အရသာ မြည်းစမ်း ကြည့်ပြီး ကြိုက်မှမှာဖို့ အထူးတိုက်တွန်းပါတယ်။
၉။ ပါဆယ်ဗူး နဲ့ ထည့်ထားပြီးသား ကြက်ဆီထမင်း ကို ဗူးစထည့်ပြီးသည့် အချိန်မှ 7နာရီအတွင်းသာ မသိုးကြောင်း အာမခံ ပါသည်။ လာပို့နေစဉ် ကြာချိန်သည် အဆိုပါ 7နာရီအတွင်း အကျုံးဝင် သည်။
………………………………………………
Version02: Aug 2019

Cart

loader